MNP - ဇန်နဝါရီ ၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် (၉) နာရီ အချိန်က အောင်ချမ်းသာရပ်ကွက်ရှိ အောင်ချမ်းသာရေသန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေလွင်နှင့်တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်များအား ရှင်းလင်းဟောပြောခဲ့ပြီး မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်မီမီးငြိမ်းသတ်နိုင်ရေးနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံများအား လက်တွေ့သရုပ်ပြခြင်း၊ ရေသန့်စက်အတွက် အသုံးပြုထားသော မီးအားထိန်းစက်များအားစစ်ဆေးခြင်း၊ မိန်းခုံများ၊ မီးခလုတ် များစစ်ဆေးခြင်း၊ အသုံးပြုသွယ်တန်းထားသော မီးကြိုးများအားစစ်ဆေးခြင်း၊ သဲပုံးရေပုံးများထားရှိခြင်း စသည့် မီးဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment