MNP - ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့၊ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နိုင်ငံ့ဝန်ထမ်းများသည်တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် အရည်အသွေးတိုးတက်မြင့်မားစေရန်နှင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ " နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်နှင့်ဝန်ထမ်းက "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ"စာအုပ်မှ ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက်များ၊ ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန် ထိရောက်စွာဆောင်ရွက်ခြင်း ကိစ္စရပ်များနှင့် ပတ်သက် ၍ တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment