MNP - ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့၏ ဝန်ထမ်းအိမ်ရာတိုက်ခန်းတို့တွင် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူနေမှုကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကသာမြို့ ဝန်ထမ်းအိမ်ရာတိုက်ခန်းတို့တွင်နေထိုင်သော ဝန်ထမ်းများ၏ အိမ်ထောင်စုနှင့်လူဦးရေစာရင်းကို ကသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့်ဝန်ထမ်းများက မြေပြင်တစ်အိမ်တက်ဆင်းသွားရောက် ကောက်ယူနေမှုကို ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူခြင်းကို Pilot Project အနေဖြင့် ကသာမြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုရှိ အိမ်ထောင်စုများနှင့်လူဦးရေစာရင်းများကို စာရင်းကောက်အဖွဲ့(၁၇)ဖွဲ့ခွဲ၍ ကောက်ယူလျက်ရှိကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်ထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment