နတ်မောက်မြို့နယ်၌ ပင်စင်လစာငွေများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ ပင်စင်လစာငွေများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျထုတ်ပေး


MNP  -    ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန် ရပ်ကွက်/ကျေးရွာများမှ ပင်စင်လစာစားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ထုတ်ပေးလျက် ရှိကြောင်း  သိရသည်။


ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် လိုက်နာမည့်စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်ကျေးရွာများဖြစ်သည့် အောင်ဆန်းရပ်ကွက်၊ မြို့မကွက်သစ်ရပ်ကွက်၊ ရွာမွန်ကျေးရွာ၊ ရေငံကျေးရွာ၊ ကန်သာကျေးရွာ၊ နလက္ခုပ္ပင်ကျေးရွာ၊ ဆုံမကျီးပင်ကျေးရွာ၊ ဂွေးပင်ကျေးရွာ၊ ရွာတော်ကျေးရွာ၊ အင်းကန်ကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ကပေါင်းကုန်းကြီးကျေးရွာ၊ မြင်းတဲကြီးကျေးရွာ၊ အိုင်ဇောက်ကျေးရွာ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ ထန်းပင်ကုန်းကြီးကျေးရွာများရှိ ပင်စင် လစာများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)