ကြံခင်းမြို့တွင် အောင်ချက်မြင့်မားရေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် အောင်ချက်မြင့်မားရေး ဟောပြောပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အောင်ချက်မြင့်မားရေး‌ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ (အ ထ က-၁)ကျောင်း  အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ဂုဏ်ထူးရ ကျောင်းသား/သူများ ပေါ်ထွက်လာရေးနှင့် တိုင်းအဆင့်မှ နိုင်ငံတော်အဆင့်အထိ ဆုများရရှိအောင် ဆောင်ရွက်ကြရန် ပြောကြားပြီးနောက်  မြို့နယ်ပညာရေးမှူး(ငြိမ်း) ဒေါ်စန်းစန်းဌေးက "စိတ်ဓာတ် မြှင့်တင်ရေး ဆိုင်ရာ စာပေ”နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောသည်။


ထို့နောက် ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က “ကျောင်းသား/သူများနှင့် ဖိအားများ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောပြီးနောက် ဦးစိုးမြင့်(တက္ကသိုလ်စိုးစံ)က “အရှိန်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ ယင်းနောက် ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က (အ ထ က-၁) စာကြည့်တိုက်အတွက်  ကဗျာစာအုပ်များလှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က လက်ခံရယူခဲ့ကြောင်းနှင့် ဟောပြောပွဲကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ (၄၀၀)ဦး တက်ရောက်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)