(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဒုတိယနေ့အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဒုတိယနေ့အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပ






MNP  -  ဇန်နဝါရီ ၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများကို ဇန်နဝါရီ(၂)ရက်နေ့မှစတင်၍ မြို့မအားကစားကွင်းအတွင်းကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ဒုတိယနေ့အဖြစ်ဆက်လက် ကျင်းပ လျက် ရှိကြောင်းသိရသည်။


အားကစားပြိုင်ပွဲများကို ဒုတိယနေ့အဖြစ်ကျင်းပရာတွင် မီနီမာရသွန်(အလွတ်တန်း)ပြိုင်ပွဲ ၌ အမျိုးသား(၆၆)ဦး၊အမျိုးသမီး(၁၄)ဦး စုစုပေါင်း(၈၀)ဦးတို့မှပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသူများအနက် မှ နှစ်သိမ့်ဆုရရှိသူ(၁၃)ဦးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။


ထို့နောက်ကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ဂျပန်ဂိုးကျဉ်းပြိုင်ပွဲ ၊ ထုပ်ဆီးတိုးပြိုင်ပွဲ များနှင့် အခြားပြိုင်ပွဲများကို မြို့မအားကစားကွင်း အတွင်းဆက်လက် ကျင်းပ လျက်ရှိရာ ပြိုင်ပွဲဝင်အားကစား သမား များ၊ ဆရာ၊ ဆရာမများ၊ ကျောင်း သား ၊ကျောင်းသူများ၊ပွဲကြည့်ပရိတ်သတ်များဖြင့် အထူးစည်ကား လျက် ရှိသည်။


မီနီမာရသွန်ပြိုင်ပွဲတွင် ပထမဆု ၊ ဒုတိယဆု၊တတိယဆုရရှိကြသူများနှင့် အခြားပြိုင်ပွဲများတွင် ဆုရ ရှိကြမည့် ပြိုင်ပွဲဝင်အားကစားသမားများသို့ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၄)ရက်နေ့ညနေ(၃)နာရီ အချိန် တွင် မြို့မအားကစားကွင်းအတွင်း အားကစားပြိုင်ပွဲများပိတ်ပွဲနှင့်အတူစည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်းပြိုင်ပွဲများကျင်းပရေးကော်မတီထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)