မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်မြောက် အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်မြောက် အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ





MNP   -   ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်တွင်လည်းကောင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မွန်းလွဲပိုင်းအချိန်တွင်လည်းကောင်း မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရှင်ပင်စက္ကိန်းတဲဘုရား ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။


ဦးစွာ အသံမစဲ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားတွင် မင်းဘူးမြို့ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဉာဏိက အမှူးပြုသော ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရား နားကြား၍ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေခဲ့ကြသည်။


ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဆက်လက်ကျင်းပရာ ဘုရားအမှူးပြုသော ပင့်သံဃာ ဆရာတော်အရှင်သူမြတ် (၃၇)ပါးအား မင်းဘူး ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတရာရှင် အလှူရှင်များ၊ မြို့မိမြို့ဖများနှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာရောက်ကြသူများက လှူဖွယ်ဝတ္ထုပစ္စည်းများကို သဒ္ဒါတရားထက်သန်စွာ ဘုရားကြီးပတ်လည်တွင် လောင်းလှူခဲ့ကြရာ ဆရာတော်တစ်ပါးလျှင် အလှူငွေကျပ် သုံးသိန်းနှင့် လှူဖွယ်ပစ္စည်းမျိုးစုံကို ဆက်ကပ်လောင်းလှူနိုင်ခဲ့ကြောင်း ရှင်ပင်စက္ကိန်းတဲစေတီတော် ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။


မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်းမြောက် အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကိုဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ပြီး ကျင်းပပြုလုပ်လျက်ရှိရာ ဘုရားပွဲအကြို ဓမ္မပူဇာသဘင် ညတရားပွဲများ၊ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ် ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ အပါအဝင် အားကစားပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေ ပွဲများ၊ အငြိမ့်ဖျော်ဖြေပွဲများ၊ ကလေးကစားကွင်းများ၊ ပွဲဈေးတန်းများဖြင့် ယခုလ ၂၂ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်ပပြုလုပ်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။


မောင်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)