MNP - ဇန်နဝါရီ ၂၀
ပွင့်လင်းခြောက်သွေ့သော ရာသီရောက်ရှိတော့မည်ဖြစ်သဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရပ်ကွက်နေပြည်သူများ၏ အိုးအိမ်များ၊ ဌာနဆိုင်ရာ အဆောက်ဦများ၊ ကျောင်းများတွင် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်တတ်စေရန် လက်တွေ့သရုပ်ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)တွင် ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေလင်းအောင်က မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်၊ မီးသတ်ယာဉ်တွင်ပါဝင်သော ပစ္စည်းများအား ရှင်းလင်းပြသခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်ခြင်းအား သရုပ်ပြသခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် မီးစတင်လောင်ကျွမ်းမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မီးသတ်ဆေးဗူးအား စနစ်တကျ ကိုင်တွယ်အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်စေခြင်း၊ မီးသတ်ပိုက်အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်စေခြင်းလုပ်ငန်းတို့အား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment