(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှု


MNP  -  ဇန်နဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။


လေ့လာကြည့်ရှု


ရှေးဦးစွာ လေ့လာရေးအဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေအနေများကို လှည့်လည်လေ့လာ ကြည့်ရှုကြသည်။


ဖူးမြော်ကြည်ညို


ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီးစေတီ တော်မြတ်ကြီးအနီးရှိ တပေါင်းကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသထားမှုတို့ကို လေ့လာကြည့်ရှုကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)