အမက ကဒါအထက်ကျောင်း၌ အသက် ၅ နှစ်မှ ၁၂နှစ် အတွင်းရှိကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမက ကဒါအထက်ကျောင်း၌ အသက် ၅ နှစ်မှ ၁၂နှစ် အတွင်းရှိကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး





MNP  -  ဇန်နဝါရီ  ၁၃

မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနသည် အသက်၅နှစ်မှ၁၂နှစ်အတွင်း ရှိကျောင်းသား၊ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ်ထိုးနှံပေးခြင်းကိုယနေ့နံနက်ပိုင်းကအမက ကဒါအထက်ကျောင်း ၌ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။


  အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးရာတွင် ပေါင်မြို့နယ် ကျန်းမာရေးဦးစီး ဌာနမှ ဝန်းထမ်းများက ကျောင်းသား၊ကျောင်းသူ များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင် ချိန်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး အမက  ကဒါအထက်ကျောင်းရှိ KG မှ Grade – 5 အထိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၈၈ ဦး တို့အား ကိုဗစ် - ၁၉စည်းကမ်းချက်များနှင့်အညီတတိယအကြိမ် ကာကွယ်ဆေးများကို ထိုးနှံပေး ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)