မြင်းခြံတက္ကသိုလ်၌ ပထမအကြိမ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံတက္ကသိုလ်၌ ပထမအကြိမ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်



MNP  -   ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ပထမအကြိမ် ဘွဲ့နှင့်သဘင် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်နှင့်တကွ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေး အဖွဲ့ဝင်များသည် သက်ဆိုင်ရာဝတ်ရုံများ ဝတ်ဆင်ပြီးဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ပေါ်သို့ကြွလာချိန်တွင်မြန်မာ့ဆိုင်းတူရိယာအဖွဲ့က “ဝတ်ရုံတော်ဘွဲ့ကြိုး”ကိုတီးမှုတ်ပြီး “အမျိုးသားသီးချင်း”ကိုဆက်လက်တီးမှုတ်သည်။ထို့နောက်ပါမောက္ခချုပ်ကဘွဲ့ယူသူများအားသက်ဆိုင်ရာစာမေးပွဲများကိုကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာခြင်းခံရသူများအားဘွဲ့အပ်နှင်းရန်ဤတက္ကသိုလ်ဘွဲ့နှင်းသဘင်ကိုကျင်းပခြင်းဖြစ်ကြောင်းပြောကြားပြီး  မေးခွန်းများမေးမြန်းခဲ့သည်။


ယင်းနောက်ပါမောက္ခ(ဌာနမှူး)များကမြင်းခြံတက္ကသိုလ်မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့(ဂုဏ်ထူးဘွဲ့)များနှင့် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူများအားပါမောက္ခချုပ်ထံသို့ဘွဲ့နှင်းသဘင် အခမ်းအနားလုပ်ထုံးလုပ်နည်းအစီအစဉ်များနှင့်အညီပို့ဆောင်ပေးပြီး မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ‌ အေးအေးဟန်ကဘွဲ့များကိုအသီးသီးအပ်နှင်းချီးမြှင့်ခဲ့သည်။


ထို့နောက် ပါမောက္ခချုပ်ဒေါက်တာ အေးအေးဟန်က ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာတွင် တက္ကသိုလ်ပညာရေးအဖွဲ့က သက်ဆိုင်ရာဘွဲ့များနဲ့ ထိုက်တန်တယ်လို့ ကြေညာပြီးဖြစ်တဲ့ ပုဂ္ဂိုလ်များကို ၎င်းတို့နဲ့ သက်ဆိုင်တဲ့ ဘွဲ့များ ခံယူနိုင်ကြစေဖို့ ကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားဖြစ်ကြောင်း၊ မြင်းခြံတက္ကသိုလ်အနေဖြင့် ပထမအကြိမ်အဖြစ် ဘွဲ့နှင်းသဘင် ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဝိဇ္ဇာ/သိပ္ပံဘွဲ့(ဂုဏ်ထူးဘွဲ့)များနှင့် ဝိဇ္ဇာ/သိပ္ပံဘွဲ့  တက်ရောက်ဘွဲ့ (၁၆၇) ဦး၊ အဝေးရောက်ဘွဲ့ (၁၃) ဦး တို့ကို ဘွဲ့အပ်နှင်း ပေးခဲ့ကြောင်း သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)