ပုဏ္ဏားကျွန်းမြို့၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်နှင့်ပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်နှင့်ပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲကျင်းပ






MNP  -   ဇန်နဝါရီ ၂၇

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ အတွင်း အောင်ခြင်း၊ အပြင်အောင် အောင်ခြင်း 

ရှစ်ပါး ဂါထာတော်နှင့်အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့၊ နံနက် ၈ နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မဧစေတီဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။


    ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး၊ ပုဏ္ဏားကျွန်းမြို့ ရွှေတောင်တန်းကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဝရိန္ဒ ထံမှငါးပါးကို ခံယူဆောက်တည်ခဲ့

ကြသည်။


ဆက်လက်၍ ဆရာတော်သံဃာတော်များက အတွင်းအောင်၊အပြင်အောင်၊ အောင်ခြင်း ရှစ်ပါး ပါဠိတော်အား ရွတ်ဖတ်ပူဇော်ချီးမြှင့်တော်မူပြီး၊ဝတ်ရွတ်အသင်းမှ အပြင်အောင်ခြင်း ရှစ်ပါး (မြန်မာပြန်)ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။


       ထိုနောက် ဆရာတော် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နဝက္ကမဝတ္ထုများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)