မင်းဘူးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိန်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိန်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ




MNP  -  ဇန်နဝါရီ  ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိန်းအ မှတ် အားကစားပြိုင်ပွဲများကို မင်းဘူးခရိုင် အားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ကျင်းပပြုလုပ်သော (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိန်းအမှတ် အားကစားပြိုင်ပွဲများမှာ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ လွန်ဆွဲ၊ ထုတ်စည်းထိုး၊ အပြေး မီတာ ၁၀၀/၂၀၀၊ ခေါင်းအုံးရိုက်၊ ချော တိုင်တက်၊ စကောရွက်၊ အာလူးကောက်၊ အိတ်စွပ်ပြေး စသည့် အားကစားပြိုင်ပွဲများ ပါဝင်ပြီး ၂၄.၁၂.၂၀၂၂ မှစတင် ကျင်းပကာ ၄.၁.၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆုရရှိသည့် အသင်းအဖွဲ့များအား လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်အားကစားမှူး ဒေါ်နှင်းထံမှ သိရသည်။


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)