MNP - ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီ(၉)ရက်နေ့မှစ၍(Working Group)မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့(၈၅)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းဆက်လက် ကောက်ယူလျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်တွင် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နတ်တောင်ပြင်ကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် မြို့နယ်ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လဝက ဦးစီးမှူး ဦးစောထွန်းဖြူနှင့် ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက နတ်တောင်ပြင်ကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment