ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၄၀၇၄၅ ဦးထိုးပေးနိုင်ပြီဖြစ်ကာ ဆက်လက်ထိုးနှံပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၄၀၇၄၅ ဦးထိုးပေးနိုင်ပြီဖြစ်ကာ ဆက်လက်ထိုးနှံပေးလျှက်ရှိ



MNP -   ဇန်နဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ  ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးပေးနိုင်မှုအခြေအနေ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းအချိန်ထိ ၆၄၀၇၄၅ ဦးထိုးနှံပေးခဲ့ ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။


ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာများတွင် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၆၄၀၇၄၅ ဦး ထိုးပေးနိုင်ခဲ့ပြီး ရာနှုန်းပြည့်ထိုးပေး နိုင်ခဲ့ပြီဖြစ်ကြောင်း ထပ်ဆောင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၂၀၀၀ ဦးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ဆက်လက်ထိုးပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျှက်ရှိကြောင်းသိရပြီး အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်း  ကျောင်းသား/သူများ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၃၅၀၀ ဦး ထိုးပေးနိုင်ပြီဖြစ်ကာ ရာနှုန်းပြည့်ထိုးပေးနိုင်ရေး ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)