လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ





MNP  -   ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ယနေ့နံနက် ၈ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို လှည်းကူးအခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ ကျောင်းသား/သူလေးများက ကိုယ်လက်လှုပ်ရှားကာယအတွဲ (၃/၄)၊ ကဗျာလွတ်အကနှင့် တိုင်းရင်းသားအကအလှများဖြင့် ကပြဖျော် ဖြေကြသည်။


ထို့နောက် အခမ်းအနားကို လှည်းကူး အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခမ်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား/သူလေးများက စုံညီပွဲတော်တို့နွဲပျော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်သိန်းရွှေက စုံညီပွဲတော်ကျင်းပပြုလုပ်သည့်အကြောင်းအရာများနှင့် မြို့နယ်အတွင်းရှိ ကျောင်းများတွင် မြို့နယ်ဂုဏ်ဆောင် ဆုများ အသီးသီးရရှိခဲ့သော ကလေးငယ်များ၊ ဘာသာရပ်အသီးသီးတွင် ဆုများ ထိုက်တန်စွာရရှိခဲ့သော ကလေးငယ်များအား ဆုများအသီးသီး ပေးအပ်သွားမည့်ပွဲဖြစ်ပြီး ဆရာမိဘ ကျောင်းသားများ စုံညီစွာ တွေ့ဆုံကြကာ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်စေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်ပြီး ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ကျောင်းသား/သူလေးများက အဖွဲ့လိုက် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)