ကျိုက်ထိုမြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာ‌‌ စောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာ‌‌ စောင်များဖြန့်ဝေ




MNP  -  ဇန်နဝါရီ  ၃

      မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် (၂၀၂၃ ) ခုနှစ်ဇန်နဝါရီ (၄)ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ်အဖြစ် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကားလက်ကမ်းစာစောင်များကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အခြေခံပညာ‌ကျောင်းများ၌လိုက်လံဖြန့် ဝေခဲ့ကြသည်။


    အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိိန်ရတုလွတ်လပ်ရေးနေ့အမျိုးသားရေးဦတည်ချက်(၅)ရပ်ဗိုလ်ချုပ်အောင်‌ဆန်း၏ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သောပြည်သူ့အစည်းအဝေးကြီးတွင်ပြောကြားခဲ့သည့်လွတ်လပ်ရေးမိန့်ခွန်းမှကောက်နှတ်ချက်၊စည်းလုံးညီညွတ်စွာဆက်လက်ထိန်းသိမ်းစောင့် ရှောက်ရန်နှင့်စည်းလုံးညီညွတ်မှုကိုတည်‌ ဆောက်ရန်အစရှိသည့်ကောက်နှတ်ချက်များနှင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်ဇန်နဝါရီ လ(၄)ရက်နေ့တွင်ကျရောက်သော (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာမှကောက်နှတ်ချက်၊မြင်းမူမောင်နိုင်မိုးရေးသားသည့် လွတ်လပ်ရေးပန်းမို့မနွမ်းစချင်(ကဗျာ)နှင့်အတူလွတ်လပ်ရေးကိုမြတ်နိုးတတ်ဖို့သရုပ်ဖေါ် ကာတွန်းတို့ကိုဖေါ်ပြထားကြောင်းသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)