ပြည်တက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ





MNP  -    ဇန်နဝါရီ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်တွင် ကျောင်းသားလူငယ်မောင်မယ်များအား  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် အနာဂတ်၏ ဘက်စုံထူးချွန်ထက်မြက်သော လူချွန်၊ လူမွန်များပေါ်ထွန်းလာစေရန်ရည်ရွယ်ချက်တို့ဖြင့် ပြည်တက္ကသိုလ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်းကို" ယနေ့နံနက် ၁၀ နာရီက ယင်းတက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ပြည်တက္ကသိုလ်မှ မဟာတန်း(ဒုတိယနှစ်)မြန်မာစာကျောင်းသူ မဇူးသက်ဝေက "လူငယ်နှင့်စာပေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုက္ခဗေဒ(တတိယနှစ်)ကျောင်းသား မောင်သိင်္ဂါစိုးက "လူငယ်နှင့်အားကစား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းအထူးပြု(စတုတ္ထနှစ်)ကျောင်းသား မောင်ရဲမင်းခန့်အောင်က "လူငယ်နှင့် Social Media" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတ္တဗေဒမဟာသိပ္ပံ (ပထမနှစ်)ကျောင်းသား မောင်အာကာဗိုလ်က "လူငယ်နှင့်သဘာဝပတ်ဝန်းကျင်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေပညာအထူးပြု(စတုတ္ထနှစ်ကျောင်းသူမခိုင်ဇင်ငြိမ်းက "လူငယ်နှင့်မူးယစ်ဆေးဝါး"ခေါင်းစဉ်တို့ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ ဆွေးချက်များအပေါ် တက်ရောက်လာသော ပြည်တက္ကသိုလ်ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးသည်။ ယင်းနောက် ပြည်တက္ကသိုလ်ပါမောက္ခချုပ်က လူငယ်နှင့်စာပေကဏ္ဍအား ဖြည့်စွက်ဆွေးနွေးပြီး မေးမြန်းဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများနှင့် စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများကို ကျေးဇူးတင်စကားပြောကြားကာ ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။


လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းပညာရေးမှူး(ရုံးခွဲ) တိုင်းခွဲပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ ပြည်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊‌ ကျောင်းသူများစုစုပေါင်း ၆၀၀ ကျော်တက်ရောက်ကြောင်းသိရသည်။


ကိုဆက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)