MNP - ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စိုက်ထူထားရှိမှုကို စစ်ဆေးမှုကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု နည်းဥပဒေများ (၂၀၂၂ ခုနှစ်)နှင့် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ညွှန်ကြားချက် (၂၀၂၂ခုနှစ်)တို့နှင့်အညီ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနစိတ်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ချင်းဆက်လမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ မြို့တွင်းလမ်းများ၊ မြို့ပြင်လမ်းများတွင် တည်ရှိပြီး လမ်းညွှန်အမှတ်အသားများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား စစ်ဆေးခြင်း၊ စစ်ဆေးမှုအရ အသစ်ထပ်မံဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကို သတ်မှတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment