တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းစေရန်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းစေရန်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲကျင်းပ


MNP  -   ဇန်နဝါရီ ၁၃

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


အမှာစကားပြောကြား


သင်တန်းဆင်းပွဲအခမ်းအနားတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်သူ ၈၆ ဦးအနက် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို ဥက္ကဋ္ဌကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို အမြဲတမ်းအတွင်း ဝန်ကလည်းကောင်း ပေးအပ်သည်။ ယင်းနောက် သင်တန်းသားနှင့် သင်တန်းသူများ ကိုယ်စား ဆုရရှိသည့် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါသင်တန်းသည် ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ငွေရေးကြေးရေး လွှဲပြောင်းပေးချေခြင်းဆိုင်ရာ ကိစ္စရပ်များတွင် AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို သိရှိရှောင်ရှားကြစေရန်နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည် စေရန်အတွက်လည်းကောင်း၊ ပြည်ပငွေလွှဲလုပ်ငန်းကို ဆောင်ရွက်လိုသည့်ကုမ္ပဏီများ အနေဖြင့် လိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့် သင်တန်းတက်ရောက်ပြီးစီးကြောင်း အထောက်အထား လက်မှတ်ရရှိရေးအတွက်လည်းကောင်း၊ ပြည်ပငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာတွင် မဖြစ်မနေသိရှိရမည့် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်စေရန် အတွက်လည်းကောင်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)