MNP - ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ပြည်သူများယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့သီရိရတနာစျေးရှေ့ မီးပွိုင့်အနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူး အောင်မင်းစိုး၊ ဒုရဲအုပ် နေလင်းခိုင်နှင့် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ စည်ပင်နှင့်မြို့နယ်မထသအဖွဲ့၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်၍ မော်တော်ယာဉ်များအား သတ်မှတ်နေရာများတွင်သာရပ်နားစေရေး၊ မီးနီဖြတ်မောင်းခြင်းမပြုရေး၊ ထိုင်ခုံခါးပတ် ပတ်ဝတ်မောင်းနှင်ရေး၊ သတ်မှတ်လိုင်စင်များနှင့်အညီမောင်းနှင်ရေး၊ မော်တော်ဆိုင်ကယ်များအား ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသော ယာဉ်များအား ဦးထုပ်ဆောင်းမောင်းနှင်ရေး၊ (၃)ယောက်စီး မောင်းနှင်ခြင်းမပြုရေး၊ သတ်မှတ်လိုင်စင်နှင့် အညီ မောင်းနှင်စေရေးတို့အား ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment