ပွင့်ဖြူမြို့နယ်၌ စားနပ်ရိက္ခာဖူလုံစေရန် ဆောင်းသီးနှံ ပဲလွမ်းကို သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ စားနပ်ရိက္ခာဖူလုံစေရန် ဆောင်းသီးနှံ ပဲလွမ်းကို သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့


MNP  -   ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် ပဲလွမ်းသီးနှံ စိုက်ပျိုးခြင်းကို စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် နှစ်စဉ် အားထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲလွမ်းသီးနှံဧက ၃၂၃၂ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက မိုးနှောင်းကာလ ရွာသွန်းခဲ့သောမိုးဖြင့် နိုဝင်ဘာလ ဒုတိယပတ်ခန့်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးဧက ၃၃၈၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်၍ သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။


"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ ပဲလွမ်းသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက ၃၂၃၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါတယ်။ ဆောင်းသီးနှံပဲလွမ်းစိုက်ပျိုးခြင်းကိုတော့ နိုဝင်ဘာလ ဒုတိယပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးဧက ၃၃၈၈ ဧက စိုက်ပျိုးပြီးစီးခဲ့တာဖြစ်လို့ သတ်မှတ်လျာထားဧကထက်ကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပဲလွမ်းသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူတွေကိုလည်း သီးနှံအထွက်နှုန်းတွေ ကောင်းမွန်စေဖို့အတွက် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို စနစ်တကျ လိုက်နာကျင့်သုံးဆောင်ရွက်ဖို့  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ နောက်ပြီး ပဲလွမ်းသီးနှံဟာ ပွင့်ဖြူမြို့နယ်ဒေသမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းတဲ့အပြင် ဈေးကွက်လည်း ရှိတာကြောင့် ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ပဲလွမ်း၊ ပဲကြီး၊ ပဲကြား၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲနောက်၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး ပဲမျိုးစုံသီးနှံစိုက်ဧက ၃၉၇၁၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ စိုက်ဧက ၃၉၆၄၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)