မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး အလှူငွေပေးအပ် လှူဒါန်းခြင်းနှင့် စိုက်ပျိုး​ရေးသိပ္ပံ​(သထုံ)၌ ကျောင်း​ဆောင်သစ်များ ​ဆောင်ရွက်ပြီးစီး​နေမှု အ​ခြေအ​နေအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး အလှူငွေပေးအပ် လှူဒါန်းခြင်းနှင့် စိုက်ပျိုး​ရေးသိပ္ပံ​(သထုံ)၌ ကျောင်း​ဆောင်သစ်များ ​ဆောင်ရွက်ပြီးစီး​နေမှု အ​ခြေအ​နေအား ကြည့်ရှုစစ်ဆေး




MNP  -  ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်‌ရေး ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့ သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များ တက်​ရောက်သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ​ရွှေစာရံစေတီ​တော်မြတ်ကြီးအား ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ‌ရေချမ်းများ ကပ်လှူပူ​ဇော် ကြသည်။


ဆက်လက်၍ ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ​သထုံမြို့၊ ဓမ္မ​မေဒနီ စာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တဉာ​ဏောသူရိယာ ဘိဝံသထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူတို့က သီလ​ခံယူ​ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုကြကာ ဆရာ​တော်အရှင်သူမြတ်များထံ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့​နောက် ​စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်ရန်အတွက် ဒုတိယအကြိမ်အဖြစ် လှူဒါန်းရရှိ​ငွေ အလှူငွေကျပ် (၃၁၉၅) သိန်းအား ​အလှူရှင်များ ကိုယ်စားပေးအပ်လှူဒါန်းရာ ​ပြည်နယ်ဝန်ကြီးချုပ်နှင့် စေတီ​တော် ဘဏ္ဍာ​တော်ထိန်း ​ဂေါပကအဖွဲ့တို့မှ လက်ခံရရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့၊ စိုက်ပျိုး​ရေးသိပ္ပံ​ကကျောင်း၌ ​​၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်အတွင်း အသစ်တည်​ဆောက်သည့် မွေးမြူရေးသိပ္ပံ​ကျောင်း နှစ်ထပ်စာသင်​ဆောင်၊ သု​​တေသန​ဆောင်၊ လက်​တွေ့ သင်ကြား​ရေးဆောင်၊ ​ကျောင်းသား​အိပ်ဆောင်၊ ဝန်ထမ်း​ဆောင်နှင့် ဆက်စပ်​အ​ဆောက်အဦများ ​တည်​ဆောက်ပြီးစီး​နေမှု အ​ခြေအ​နေတို့အားက ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေး သိပ္ပံ​ပညာရပ်များကို စာ​တွေ့၊ လက်​တွေ့ ​လေ့ကျင့်သင်ကြား​ပို့ချပေး​နိုင်ရန်နှင့်  သင်ကြား​ရေးနည်းစနစ် ကောင်းများဖြင့် ကျွမ်းကျင်တတ်​မြောက်​သော ပညာရှင်များ ​မွေးထုတ်​ပေးထုတ်​ပေးနိုင်​ရေး အ​လေးထားဆောင်ရွက်ကြရန်၊ တည်​ဆောက်​ရေး လုပ်ငန်းများကိုလည်း အရည်အ​သွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးနိုင်​ရေး ​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့‌ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)