နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်


MNP -   ဇန်နဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီအစည်းဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် စိစစ်ကြပ်မတ်ရေးအဖွဲ့များကို နေပြည်တော်အဆင့်မှ ခရိုင် /မြို့နယ်အဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါအဖွဲ့များမှ နယ်မြေအတွင်းရှိ ဈေးများသို့ Mobile Lab Van ဖြင့် သွားရောက်၍ ဈေးများအတွင်းရောင်းချနေသော စားသောက်ကုန်များတွင် formalin ပါဝင်မှုရှိ/မရှိ ၊ ခွင့်မပြုတာရှည်ခံဆေး Borax ပါဝင်မှုရှိ/မရှိ၊ တာရှည်ခံဓါတု ပစ္စည်း Salicylic Acid ပါဝင်မှုရှိ/မရှိတို့အား Rapid Test Kit ဖြင့် စစ်ဆေး၍ ခွင့်မပြုဓါတုတာရှည်ခံပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများတွေ့ရှိသော အစားအသောက်များအား ပူးပေါင်းအဖွဲ့ဝင်များဖြင့် စစ်ဆေးခြင်းများ စနစ်တကျပြုလုပ်ဆောင်ရွက်ပြီး လိုအပ်ပါကအရေးယူခြင်းများ ပြုလုပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓါတ်ခွဲခန်းသို့ပေးပို့ စစ်ဆေးရမည့် Package Food အစားအသောက်များအား ဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး၍ ဓါတ်ခွဲအဖြေရရှိပါက အဖြေမကောင်းမွန်သော အစားအသောက်များအား သိမ်းဆည်းဖျက်ဆီးရန် အကြောင်းကြားခြင်းများကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များ စစ်ဆေးခြင်း၊ ညဈေးတန်းရှိ လမ်းဘေးစားသောက်ဆိုင်များကိုလည်း သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက် စစ်ဆေးကြပ်မတ်၍ ရောင်းချနေသော အစားအသောက်များတွင် စားသုံးရန်သင့်/မသင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင်စစ်ဆေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စစ်ဆေးခြင်းတွင်လည်း စည်ပင်သာယာရေးကော်မတီ (ကျန်းမာရေး ဌာန)၏ ဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများ၊ ဈေးများအတွင်းရှိ သက်တမ်းလွန် အစားအသောက်များ၊ စားသုံးရန်မသင့် ကြေညာထားသောအစားအစာများကိုလည်း ထိရောက်သော စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားရမှာဖြစ်ကြောင်း၊ ယခုဖွဲ့စည်းတာဝန်ပေးအပ်မည့် အဖွဲ့များအနေဖြင့် နယ်မြေအလိုက် ဈေးများ၊ ဈေးဆိုင်များ၊ စာသင်ကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် အတူတကွပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ထိရောက်ဟန့်တားနိုင်သော အရေးယူမှုများ ပြုလုပ်ရာတွင် မိမိတို့နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကုန်စည်များအပေါ်တွင် ကုန်ညွှန်းအမှတ်အသားများကို သေချာစိစစ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ အဓိကကာကွယ်ဆောင်ရွက်ရန်အချက်များကို ဦးစားပေးအဆင့်များခွဲ၍ စံလုပ်ငန်း လမ်းညွှန်များ ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း သိရှိရပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်ခြင်းများသည် စားသုံးသူများ အတွက်များစွာ အထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဦးဆောင်မှု၊ နေပြည်တော်ကောင်စီ၏လမ်းညွှန်မှု၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ပူးပေါင်းပါဝင်မှုများဖြင့် ယခုဖွဲ့စည်း တာဝန်ပေးအပ်မည့် တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များအနေဖြင့် ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်၍ ထိထိရောက်ရောက် ဝိုင်းဝန်းပူးပေါင်းကူညီ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီရုံး ညွှန်ကြားရေးမှူးက နေပြည်တော်အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးကော်မတီ၊ ခရိုင်နှင့် မြို့နယ်လုပ်ငန်းကော်မတီများဖွဲ့စည်း ဆောင်ရွက် မည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် ဌာနကြီးမှူးများက နေပြည်တော်အတွင်းရှိ ဈေးများ၊ သားသတ်ရုံများ၊ အသားထုတ်လုပ် ရောင်းချနေမှုများ၊ အစားအသောက်ထုတ်လုပ်သည့် လုပ်ငန်းများကိုစစ်ဆေးခြင်းနှင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးဆိုင်ရာ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် နေပြည်တော် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပူး‌ပေါင်းဆောင်ရွက်နေမှု အ‌ခြေအနေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အ‌ခြေအနေများကို  သက်ဆိုင်ရာကဏ္ဍများအလိုက်  ဆွေးနွေးရှင်း လင်းတင်ပြကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ကိုကို

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)