ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာလျာထားဧကထက်ကျော်လွန်စွာ စိုက်ပျိုးပြီးအောင်မြင် ဖြစ်ထွန်းနေမှုအား မြို့နယ်စိုက်/ တိုးမြှင့်ကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာလျာထားဧကထက်ကျော်လွန်စွာ စိုက်ပျိုးပြီးအောင်မြင် ဖြစ်ထွန်းနေမှုအား မြို့နယ်စိုက်/ တိုးမြှင့်ကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု




MNP  -  ဇန်နဝါရီ ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းစိုက်ပျိုးထားရှိသည့် ဆောင်းသီးနှံနေကြာဆီထွက်သီးနှံ စိုက်ပျိုးအောင်မြင်နေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်တို့က ယမန်နေ့က နေကြာစိုက်ပျိုးထားသည့် စိုက်ခင်းသို့သွားရောက်ကြည့်ရှုခဲ့သည်။


ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးလျာထားဧကမှာ (၃၁၀၀)ဧက ရှိပြီး ယနေ့ထိ စိုက်ပျိုးပြီးစီးမှုမှာ ရေဆင်းစပ်မျိုး(၁)(၂၀၁၀) ဧက၊ ဆင်းရွှေကြာ(၂)(၁၁၆၀)ဧက စုစုပေါင်း (၃၁၇၀)ဧကစိုက်ပျိုးထားပြီး သီးနှံစိုက်ပျိုးမှု ပုံစံအလိုက် စိုက်ပျိုးထားရှိမှုအနေဖြင့် သီးထပ် (၃၁၄၀) ဧကနှင့်သီးညှပ်(၃၀) ဧကဖြစ်ပြီးတစ်မြို့နယ်လုံးအနေဖြင့် စိုက်ပျိုးပြီးစီးမှုရာခိုင်နှုန်းမှာ(၁၀၂.၂၆)ရာခိုင်နှုန်းရှိ၍လျာထားစိုက်ပျိုးဧကထက် ကျော်လွန်စွာ စိုက်ပျိုးအကောင်အထည်ဖော်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)