MNP - ဇန်နဝါရီ ၁၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နေထိုင်မှု ရှိ/မရှိ အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
မှာကြား
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက နှစ်ကာလကြာမြင့်ခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုမဟုတ်ဘဲ နေထိုင်သည့်ဝန်ထမ်းများ၏ပေါ့လျော့မှုနှင့် စည်းကမ်းမရှိခြင်းကြောင့် အိမ်ရာများပျက်စီးပါက နေထိုင်သည့်ဝန်ထမ်းများမှ ပြုပြင်ထိန်းသိမ်းရန်၊ အိမ်ရာပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အများနည်းတူပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ သပ်ရပ်သန့်ရှင်းစေရေးကို အမြဲမပြတ်ဆောင်ရွက်ထားရှိရန်၊ ချမှတ်ထားသောစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီနေထိုင်ကြရန်၊ ဝန်ထမ်းများအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ နေထိုင်စားသောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment