မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/ လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/ လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကျင်းပ



MNP  -   ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ပြည်နယ်အတွင်း လူမှောင်ခိုမှုနှင့်လူကုန်ကူးခံရမှုများ မဖြစ်ပွားစေရေး၊ ကလေးသူငယ်များနှင့်ပတ်သက်၍ အနိုင်အထက်ပြုမူမှုများ မဖြစ်ပွားစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမတွင် လူကုန်ကူးမှု/လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြစ်ကြီးနားမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ မြစ်ကြီးနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအားပြောကြားပြီး အမှတ် (၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုရဲမှူးလှိုင်စိုးက နိုင်ငံတကာတွင် လူမှောင်ခိုမှုနှင့် လူကုန်ကူးခံရမှုများ ဖြစ်ပွားနေကြောင်း၊ မိမိတို့နိုင်ငံမှာလည်း လူမှောင်ခို/လူကုန်ကူးခံရမှုဖြစ်ပွားမှုများ ရှိနေကြောင်း၊ လူမှောင်ခိုလူကုန်ကူးမှုကျူးလွန်ခံရမှုများအား ကူညီကယ်တင်ခဲ့ရမှုများ၊ ပြစ်မှုကျူးလွန်သူမျာအား ဖော်ထုတ်ဖမ်းဆီးရခြင်းများနှင့် ပြစ်မှုကျူးလွန်ခံရခြင်းမရှိစေရေး ကြိုတင်သိရှိထားရမည့် အချက်များအား ဟောပြောခဲ့သည်။


ထို့နောက် အမှတ် (၂) ကလေးသူငယ်ရဲတပ်ဖွဲ့စိပ်မှ ရဲအုပ်သောင်းရွှေက ကလေးသူငယ်များအား ဥပဒေအရ အကာကွယ်ပေးထားသည်များ၊ လိင်ကျွန်အဖြစ်ကျူးလွန်မှုများ၊ အနိုင်အထက်ပြုမူမှုများ၊ လုပ်အားခေါင်းပုံဖြတ်မှုများ၊ ပြစ်မှုပြစ်ဒဏ်များအား ပရိုဂျက်တာဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ကေဒီဆိုင်းပန်နှင့် တက်ရောက်လာသည့် ကျောင်းသား/သူများအား လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ အခြေခံပညာ အထက်တန်းဆင့်ကျောင်းသား ကျောင်းသူ (၄၅၀) ဦး တက်ရောက်ခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)