လွိုင်လင်မြို့ အထက(၁)ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့ အထက(၁)ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP   -   ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အထက(၁)ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၃ရက်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။


ရှမ်းပြည်နယ်အတွင်း၌ ၂၀၂၁ - ၂၀၂၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုများရှိရာ အများအားဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ တိတိကျကျလိုက်နာမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျောင်းသားလူငယ်များ အသက်မပြည့်ခင် မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ သတ်မှတ်အရှိန်ထက်မောင်းနှင်ခြင်း၊ မီးပွိုင့်များ၊ လမ်းညွှန်အမှတ်အသားများကို သတိမမူခြင်းများကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာကြစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းဖြစ်ကြောင်း အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူး ကျော်ဇေယျထံမှ သိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူးနှင့် တပ်ဖွဲ့ဝင်များက ဟောပြောသရုပ်ပြသကြရာ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေလွင် နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရာက်ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)