ပေါက်ခေါင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့်စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့်စာအုပ်ပြပွဲကျင်းပ




MNP  -   ဇန်နဝါရီ  ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များပေါ်ထွက်လာစေရန်ရည်ရယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ​ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊‌ ဟောပြောပွဲနှင့်စာအုပ်ပြပွဲကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က  ပြိုင်ပွဲ၊ ပြပွဲများကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများကို အသိပညာ‌ပေးဟောပြောခဲ့သည်။


ထို့နောက်အလယ်တန်းအဆင့်ဆေးရောင်ခြယ် ပြိုင်ပွဲဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ရွာထောင်(အမှတ်-၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာမများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသောကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများအား (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ဓာတ်ပုံနှင့်စာအုပ်များပြသခဲ့ကြောင်းသိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)