ပညာရေးစုံညီပွဲတော်နှင့်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးစုံညီပွဲတော်နှင့်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်





MNP  -   ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ ကဇက်ကျေးရွာ ပညာရေးစုံညီပွဲတော်နှင့်ကျောင်းဆောင်သစ် လွှဲပြောင်း‌ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။


ရှေးဦးစွာ ကျောင်းဆောင်သစ်အား  ကဇက်ကျေးရွာ မဟာရွှေဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဣန္ဒက၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်ထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါက်တာတင်တင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်နှင့်ပြခန်းများအား   လှည့်လည် ကြည့်ရှုခဲ့ကြသည်။


ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ ဆက်လက်တက်ရောက်ရာ အထက(ခွဲ)ကဇက် ကျောင်းသူ လေးများက ကြိုဆိုပါသည် စုံညီပွဲတော်တေးသီ ချင်း ဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ခေတ်မှီဖွံ့ဖြိုးတက်သော  ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာကာ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့်လူမှုဘဝ စံနှုန်းများကို ထိန်းသိမ်းနိုင်သည့် နိုင်ငံသားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖော်ဂုဏ်ပြုနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်နိုင်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးရန်နှင့် မိဘပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရန် စသည်တို့ကို အဖွင့်အမှာစကား‌ ပြောကြားခဲ့သည်။ဆက်လက်၍ကျောင်းသူများက ထာဝရသစ္စာသီချင်း​ကပြ‌ ဖျော်ဖြေခဲ့ပြီး ကျောင်းအကြိုးတော်ဆောင် ဦးညီညီက ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်ထွန်းက လက်ခံရယူသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည် ။ 


ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက အမှာစကားပြောကြားပြီး လူရည်ချွန်ဆု၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဆုများ၊ အထိမ်းအမှတ်နေ့များ၌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ၊ အားကစားပြိုင်ပွဲများမှ ဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ တာဝန်ရှိသူများက ဂုဏ်ပြုဆု များပေးအပ်ခဲ့ကြပြီး  ကျောင်းသား၊ ကျောင်းသူ လေးများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)