ဗိုလ်တထောင်မြို့နယ်၊ အ.မ.က(၆)ကျောင်းတွင် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်၊ အ.မ.က(၆)ကျောင်းတွင် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်


MNP  -   ဇန်နဝါရီ   ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အ.မ.က(၆)ဗိုလ်တထောင်ကျောင်း၌ ယနေ့နံနက် ၀၉:၀၀ နာရီအချိန်က မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဆောင်ရွက်ခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များအကြောင်းကို သိရှိစေရန်၊ ကွမ်း၊ ဆေးလိပ်၊ အရက်မှစ၍ အခြားသောမူးယစ်ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်းမပြုလုပ်စေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိအောင် စာအုပ်စာစောင်များဖတ်ရှုစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။


ထို့နောက် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များ၊ စာအုပ်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။


မေနှင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)