(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ




MNP -  ဒီဇင်ဘာ ၃၁

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဒေါက်တာအောင်ကြီးနှင့် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပျဉ်းမနားစိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သမိုင်းအစဉ်အလာကောင်းခဲ့သည့် နိုင်ငံတော်၏အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ မိမိတို့ရရှိထားသည့် လွတ်လပ်ရေးကို အလေးအနက်တန်ဖိုးထားတတ်စေရေးတို့အတွက် ရည်ရွယ်ပြီး နှစ်စဉ်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရေး အပါအဝင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ် အကောင်အထည် ဖော်ရာတွင်လည်း မောင်တို့မယ်တို့အနေဖြင့် တစ်တပ်တစ်အား ပါဝင်စွမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်း။


အလားတူနိုင်ငံတကာတွင် ကြုံတွေ့နေကြရသည့် ကိုဗစ်(၁၉)ကပ်ရောဂါနှင့် ရာသီဥတုဖောက်ပြန်မှုများ၏ သက်ရောက်မှုများမှ လျော့ပါးသက်သာစေရေးနှင့် ပြန်လည်ကုစားနိုင်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံရေးနှင့် မိမိနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထူထောင်ပြီး အလျင်အမြန်ကူညီပံ့ပိုးပေးလျက်ရှိရာ မောင်တို့မယ်တို့၏ အများအကျိုးသည်ပိုးလိုသည့် ဖြူစင်သည့်ဆန္ဒနှင့်တက်ကြွသည့် လူငယ်အားမာန်စွမ်းအားများဖြင့် လယ်ယာကဏ္ဍ၏ အရေးပါသော ပညာရှင်များဖြစ် စေရေးဆက်လက် ကြိုးပမ်းအားထုတ်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။


ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသည့် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဆုများပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ကျောင်းသား ကျောင်းသူများ၏ အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အကအဖွဲ့များအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။


ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည်ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများ စံပြစိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက သီးနှံပုံစံတွဲအလိုက် တစ်နှစ်သုံးသီး စိုက်ပျိုးထုတ်လုပ်မှုအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တောင်သူများလက်တွေ့ စိုက်ပျိုး မှုနှင့်တူညီသည့် စိုက်စနစ် ရေသွင်းစနစ်များအတိုင်း စမ်းသပ်စိုက်ပျိုးပြီး တွေ့ရှိလာသည့်ရလဒ်ကို လက်တွေ့ကျယ်ပြန့်စွာအသုံးပြုနိုင်ရေး နည်းပညာဖြန့်ဝေပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက သုတေသန ဝန်ထမ်းများအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနက တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများ စံပြ စိုက်ပျိုးဆောင်ရွက်ထထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက တောင်သူများလက်တွေ့စိုက်ပျိုးမှုနှင့် တူညီသည့် စိုက်စနစ်ရေသွင်းစနစ်များအတိုင်း စမ်းသပ်စိုက်ပျိုးပြီး တွေ့ရှိလာသည့်ရလဒ်ကို လက်တွေ့ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး နည်းပညာ ဖြန့်ဝေပေးရန်လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက သုတေသနဝန်ထမ်းများကို ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် ရွှေဇေယျာလယ်ယာ ကုန်ထုတ်သမဝါယမအသင်းဝင် တောင်သူများ၏စပါးကို အဆင့်မြင့်ဆန်စက်ဖြင့် ကြိတ်ခွဲနေမှုကိုလည်းကောင်း၊ ခေတ်မီစပါးသိုလှောင်ရုံ နှင့် အခြောက်ခံ စက်များကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စက်စွမ်းအားပြည့် အသုံးပြုနိုင်ရေး နှင့် လယ်ယာ ကုန်ထုတ်သမဝါယမအသင်းဝင် တောင်သူများ၏ ကုန်ထုတ်လုပ်မှုတိုးတက်ရေး မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)