MNP - ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်ဋ္ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ပန်းတောင်းမြို့နယ်အတွင်း ရွှေဘုံသာကျေးရွာအုပ်စု၊ ဖိုးဦးတောင်စေတီတော်မြတ်သို့ရောက်ရှိကာ ဓာတ်လှေကားဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး၍ ရွှေဘုံသာစေတီမြတ်ကြီးသို့ရောက်ရှိကာ စေတီတော်မြတ်ကြီး၏တန်ဆောင်း၊ မျက်နှာကျက်များ ပြုပြင်မိုးမံနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သူရဲတန်းကျေးရွာအုပ်စုရှိ သူရဲတန်းမြစ်ရေတင်လုပ်ငန်း၏ စတင်ရေပေးနေမှုအားလည်းကောင်း၊ထုံးဘိုကျေးရွာအုပ်စုရှိ ထုံဘိုမြစ်ရေတင်လုပ်ငန်းအားလည်းကောင်း၊ ထုံးဘိုကမ်းပါးထိန်းအားလည်းကောင်း၊ မြောင်ကျေးရွာအုပ်စုရှိ ထုံးဘို-တဲကြီးကုန်း-မြောင်ဖျား လမ်းကွန်ကရစ်ခင်းခြင်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment