MNP - ဇန်နဝါရီ ၁၅
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) စာရင်းအင်းပညာဌာနမှ ဦးစီးကျင်းပသော၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများအတွက် ပညာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ကျောင်းသား/ကျောင်းသူများအား အသိပညာ၊ အတက်ပညာများရရှိစေကာ မိမိတို့၏ လုပ်ငန်းခွင် အသီးသီးတွင် လက်တွေ့အသုံးပြုဆောင်ရွက်သွားကြစေလိုပြီး နိုင်ငံတော်မှ အားထားရတဲ့ သားကောင်း/ သမီးမွန်များ ဖြစ်အောင် ကြိုးစားသင်ယူ လေ့လာမှတ်သားသွားကြပါလို့ အထူးမှာကြား လိုကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားပေးခဲ့သည်။
ဆက်လက်၍ ဦးမြင့်ဇော်(CEO AYA Bank) နှင့် ဦးသူရိန်ငြိမ်း (CEO Myanmar Resources Network)တို့က “ Career Journey” ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာများ အသီးသီး ဟောပြောဆွေးနွေးပေးခဲ့ကြကာ ဟောပြောဆွေးနွေးပေးခဲ့ကြသည့် ပညာရှင်များအား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ စစ်ကိုင်းခရိုင်စိမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment