မူဆယ်မြို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာ ဖတ်ကြားခြင်း၊ ပျော်ပွဲရွှင်ပွဲအားကစားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာ ဖတ်ကြားခြင်း၊ ပျော်ပွဲရွှင်ပွဲအားကစားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ


MNP  - ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ယနေ့နံနက် ၄ နာရီ မိနစ်၂၀ အချိန်က လေယာဉ်ကွင်းပြင် လွတ်လပ်ရေးကွင်း၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ ပျော်ပွဲရွှင်ပွဲအားကစားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။


ယမန်နေ့နံနက်ပိုင်း ၄ နာရီ မိနစ် ၂၀ အချိန်က နိုင်ငံတော်အလံတင်ခြင်းကို မူဆယ်မြို့နယ်၊ မြန်မာ နိုင်ငံဂုဏ်ပြုရဲတပ်ဖွဲ့များက ဦးဆောင်၍ နိုင်ငံတော်အလံအားလွှင့်ထူခဲ့ပြီး  တက်ရောက်လာသူများနှင့် နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။


ယင်းနောက် နံနက် ၇ နာရီအချိန်တွင်လည်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ယမန်နေ့က ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး ဘင်ခရာတီးမှုတ်အဖွဲ့များကို ဆုငွေ(၅)သိန်းကျပ်၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော အ.ထ.က(၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)ကျောင်းမှ ကျောင်းသူ/သားများ၊ ဂေါက်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသော အမျိုးသား/သမီးများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသောသူများကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးနှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများက ဂုဏ်ပြုမှတ်တမ်းလွှာများ ဆုချီးမြှင့်ခဲ့သည်။


ယင်းအပြင်  လွတ်လပ်ရေးကွင်းတွင် ပျော်ပွဲရွှင်ပွဲဖြစ်သည့် မီတာ(၅၀)၊ (၁၀၀)၊ (၂၀၀) အပြေးပြိုင်ပွဲများ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများ၊ လွန်ဆွဲပြိုင်ပွဲများကိုကျင်းပခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်ခဲ့သည်။


အဆိုပါ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ချယ်ရီမြေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)