မိတ္ထီလာတွင် ဒေသပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် အခြေခံစက်ချုပ်သင်တန်း စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတွင် ဒေသပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် အခြေခံစက်ချုပ်သင်တန်း စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေး



MNP  -  ဇန်နဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဒေသပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တက်သော လူငယ်လူရွယ်များ ပေါ်ထွန်းထာစေရန် အခြေခံ စက်ချုပ်သင်တန်းကို ယနေ့နံနက်က မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းရှိ လေ့ကျင့်ရေးစင်တာတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်မွှေးမွှေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က ပြောကြားရာတွင်ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ မိမိတို့၏ စိတ်ကူးအကြံဉာဏ်ဖြင့် ပုံစံအမျိုးမျိုးဖန်တီးချုပ်လုပ်နိုင်စေရန်၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရန်တို့ကို ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်မွှေးမွှေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်နှင့် နည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့သည်။


အဆိုပါစက်ချုပ်သင်တန်းကို မိတ္ထီလာမြို့နယ်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များ သင်တန်းသားသင်တန်းသူ (၂၀)ဦးတက်ရောက်ပြီး သင်တန်းတွင် ကလေးဝတ်ဂါဝန်၊ သင်္ဘောသား အိင်္ကျီ၊ ကလေးဝတ်ဘောင်းဘိ၊  ရှပ်အင်္ကျီ၊ အမျိုးသမီးဝတ်အိင်္ကျီအမျိုးမျိုးနှင့် အမျိုးသမီးဝတ်စကတ် အမျိုးမျိုးတို့ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။       


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)