နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၀)နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၀) သင်တန်းဆင်းအခမ်းအနားများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၀)နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၀) သင်တန်းဆင်းအခမ်းအနားများကျင်းပ


MNP -  ဇန်နဝါရီ ၆

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သော အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ(ကိုယ်စား) တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


သင်တန်းဆင်းပွဲတွင် အဖွဲ့ဝင် ဦးဆန်းမြင့်က နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် အရည်အချင်း ပြည့်ဝကျွမ်းကျင်မှုရှိပြီး တာဝန်ကျေပွန်သော၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်သည့် ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ကောင်းစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ သင်တန်းဆင်းပြီးနောက်ပိုင်း အရာထမ်းများပီပီ မိမိအထက်အဆင့်အရာထမ်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ပံ့ပိုးကူညီပေးကြရင်း မိမိလက်အောက်အမှုထမ်းများကိုပါ သင်ကြားပြသဦးဆောင် လမ်းညွှန်ပေးနိုင်သော ဝန်ထမ်းကောင်းများအဖြစ်ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်သည်။


ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံ ခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာဘွဲ့လက်မှတ်များပေးအပ်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၆၁ ဦး၊ သင်တန်းသူ ၁၃၆ ဦး စုစုပေါင်း ၁၉၇ ဦး တက်ရောက်ခဲ့ကြသည်။


ဆုများပေးအပ်ချီးမြှင့်


ဆက်လက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်သည် တာ၀န်ရှိသူများနှင့်အတူ ရတနာခန်းမ၌ကျင်းပသည့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၀)၏ သင်တန်းဆင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာ ကျောင်းသား ကျောင်းသူများအား မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိရန်၊ အတ္တဟိတ၊ ပရဟိတအကျိုးသယ်ပိုးဆောင်ရွက်တတ်ရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများဖြင့် ဥပဒေကိုလေးစားလိုက်နာသော နိုင်ငံသားကောင်းများဖြစ်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်၍ ယဉ်ကျေးလိမ္မာသော လူငယ်များဖြစ်လာစေရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားပြီး ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။


အဆိုပါသင်တန်းသို့ သင်တန်းသား ၁၁၃ ဦး၊ သင်တန်းသူ ၃၆၇ ဦး စုစုပေါင်း ၄၈၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိငါးပတ် ကြာမြင့်ခဲ့သည်။


ယင်းနောက် တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်စိမ်းလန်းစိုပြည်ရေးနှင့်၊ စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများ၊ ဖွင့်လှစ်ဆဲသင်တန်းများတွင် သင်ခန်းစာပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများကို အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)