ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၌ စူဠဘွဲ့နှင်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၌ စူဠဘွဲ့နှင်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ





MNP  - ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်ရှိ ဦးဖိုးလှဘုရား ဓမ္မဝိသုဒ္ဓိအောင်ဇေယျုံ သာသနာ့ဗိမာန်တော်၌  (၂၀၂၂)၁၃၈၃ ခုနှစ်၊အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ  ဖြေဆိုအောင်မြင်ခဲ့ကြသော သံဃာတော်၊ သာမဏေ၊ သီလရှင်၊ အပါး(၉၆)ပါး တို့အားအောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းခြင်း ``စူဠဘွဲ့နှင်းပွဲ´´မင်္ဂလာအခမ်းအနား ကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပင့်ဖိတ်ထားသောရဟန်းသံဃာတော်များနှင့်ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက် မြို့နယ်သံဃာ့နာယကဥက္ကဌ၊ သံဃာဂိုဏ်ပေါင်းစုံဆရာတော် ဘန္ဒဒ္ဓက္ကုန္ဒဝံသ မှ သြဝါဒမိန့်ကြားခဲ့သည်။


ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဒေါက်တာရွှေပြည်စိုး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန်းနိုင်၊ သာသနာပြု သာသနာ့နုဂ္ဂဟဘွဲ့ အဂ္ဂမဟာသိရီသုဓမ္မမဏိဇောတဓရ - ဒေါက်တာခင်မောင်ထွန်း (ထက်လင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)၊ ဌာနဆိုင်ရာတာဝန်ရှိလူကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် တပည့်ဒါယကာ၊ ဒါယိကာမတို့ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  မှ ဒေါက်တာရွှေပြည်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းနိုင်မှ ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)