ကျောက်ဆည်မြို့တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ






MNP  -   ဇန်နဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေးနှင့်ထူးချွန်ထက်မြတ်သောကျောင်းသားလူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ရေးနေ့အထိမ်းအမှတ် စာဖတ်ဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းများနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ (၂၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုနေ့အကြောင်း ပိုမိုသိရှိနိုင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားစေရေးတို့အတွက်ပြပွဲ၊ပြိုင်ပွဲများဆက်လက်ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)