မိုင်းကိုင်မြို့နယ်၌ လယ်ယာသုံး လက်တွန်းထွန်စက်များကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ လယ်ယာသုံး လက်တွန်းထွန်စက်များကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေး



MNP  -   ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်သ မအသင်းစုတို့၏ ကြီးကြပ်မှုဖြင့် ရွှေလွိုင်လိုင်စိုက်ထွေသမအသင်းမှ လယ်ယာစိုက်တောင်သူများအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ တိုးတက်ပြောင်းလဲရာတွင် အသုံးပြုသည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့မနက်ပိုင်းတွင် မြို့နယ်သမဝါယမဦးစီးဌာန၌ လက်တွန်းထွန်စက်များကို တောင်သူများထံ ရောင်းချပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါရောင်းချမှုတွင်  " your good brother ကုမ္ပဏီ" မှ ထုတ်လုပ်သော လယ်ယာသုံး လက်တွန်းထွန်စက်နှင့် အပိုပစ္စည်းများကို တစ်စီးလျှင် ငွေကျပ်သိန်းလေးဆယ်ဖြင့် ၂ နှစ် ၅ ရစ်ဆပ်စနစ်ဖြင့် ရောင်းချပေးရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသိန်းရွှေ၊ မြို့နယ်သမအသင်းစုဥက္ကဋ္ဌ ဦးကျော်ဦး၊ ရွှေလွိုင်လိုင်စိုက်ထွေသမအသင်းဥက္ကဋ္ဌ ဦးနန္တီတို့က စက်ပစ္စည်းနှင့် စာရွက်စာတမ်းများကို တောင်သူလက်ဝယ်အရောက် ပေးအပ် ရောင်းချခဲ့သည်။


ထိုသို့ လယ်ယာသုံး စက်ပစ္စည်းကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ထပ်မံဝယ်ယူလိုသော တောင်သူများအား မိုင်းကိုင်မြို့နယ်ရှိ ရွှေလွိုင်လိုင်စိုက်ထွေသမအသင်းနှင့် ရွက်သစ်လယ်ထွေသမအသင်းများက အသင်းသားများအဖြစ် လက်ခံပြီး ချိတ်ဆက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ချော

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)