နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီဖြစ်စေရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီဖြစ်စေရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -   ဇန်နဝါရီ ၁၂

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီဖြစ်စေရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ ရန်ကုန်နှင့် မန္တလေး မြို့တော်ဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်း ဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအား ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ပါကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့်လည်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးခေါ်ယူပြီး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီပြည့်စုံညီညွတ် မှန်ကန်စေရေး လုပ်ငန်းအစီအမံများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။


အမြန်ဆုံးပြင်ဆင်ဆောင်ရွက်


ထို့ပြင် ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် လမ်းများကိုလက်တွေ့စီမံခန့်ခွဲဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဒေသကြီးကြပ်ရေးအဖွဲ့များက အနီးကပ်ကြီးကြပ်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ၊ Road Safety Audit ကွင်းဆင်းစစ်ဆေးပြီး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများဆိုင်ရာ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်သင့်သည့်အကြံပြုချက်များကို အချိန်နှင့်တစ်ပြေးညီ ညွှန်ကြားကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးအကြံပြုချက်များအပေါ် အမြန်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှုများကို အစီရင်ခံတင်ပြကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်မည့်ဘဏ္ဍာငွေအသုံးပြုခြင်းများကိုလည်း တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျလျာထားတောင်းခံသုံးစွဲကြရန်လိုပါကြောင်း၊ ဝန်ကြီးချုပ်များနှင့် ဒေသကြီးကြပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့နယ်မြေဒေသအလိုက် ပူးပေါင်းအဖွဲ့များဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်၊ အားနည်းချက်များကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။


ရှင်းလင်းတင်ပြ


ဆက်လက်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်က ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်မှု၊ မြေပြင်၌ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်လုပ်ငန်းစဉ်များ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ Road Safety Audit ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုနှင့် သုံးသပ်အကြံပြုချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ မြေပြင်စစ်ဆေးစဉ် တွေ့ရှိရသည့်အားနည်းချက်၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာနယ်မြေဒေသအလိုက် ကြီးကြပ် ရေးအဖွဲ့များဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု၊ ကွင်းဆင်းစစ်ဆေးမှု၊ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့်အချက်ပြများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ အသစ်စိုက်ထူရေးဆွဲပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြန်လည်သုံးသပ်ဆွေးနွေးသည်။


ညှိနှိုင်းအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း မော်တော် ဆိုင်ကယ်ယာဉ်တိုက်မှုအများဆုံးဖြစ်သည့် ပျဉ်းမနား-တောင်ညိုလမ်း၊ သပြေကုန်းအဝိုင်း လမ်းပိုင်းနေရာသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး (မြို့ပြ)က Road Safety Audit စစ်ဆေးတွေ့ရှိမှု၊ မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ အဝိုင်းပတ်ဖြတ်သန်းမောင်းနှင်နိုင်ရေးအတွက် သုံးသပ်အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ အဝိုင်းပတ်မောင်းနှင်နိုင်ရေးအတွက် သပြေကုန်းအဝိုင်းရှိ လမ်းပေါ်ဆေးရေးအမှတ်အသားများကိုပြင်ဆင်ရေးဆွဲရန်၊ ယာဉ်ကြောကြိုတင်ပြောင်းရန် ဆေးရေးအမှတ်အသားနှင့် လမ်းညွှန်းဆိုင်းဘုတ်များ စိုက်ထူရေးဆွဲရန်၊ လမ်းလယ်တစ်ဆက်တည်းမျဉ်းအား သတ်မှတ်အရောင် အတိုင်းရေးဆွဲရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုအဖြစ်များသော မိုင်တိုင်- ၂၁၈ (၄ ဖာလုံ နှင့် ၇ ဖာလုံအကြား) လမ်းပိုင်းနေရာသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာ အင်ဂျင်နီယာမှူးကြီး (မြို့ပြ)က Road Safety Audit စစ်ဆေးတွေ့ရှိမှုများနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အဆိုပါလမ်းပိုင်း၌ ယာဉ်တိုက်မှု လျော့နည်းကျဆင်းရေးအတွက် လမ်းဘေးတွင် Clear Zone လုံလောက်စွာထားရှိရန်၊ လမ်း ညွှန်းဆိုင်းဘုတ်များပြင်ဆင်ဆောင်ရွက်ရန်၊ လမ်းပေါ်ဆေးရေးအမှတ်အသားများ ပြည့်စုံစွာ ရေးဆွဲရန်မှာကြားသည်။ ယင်းနောက် Road Safety Audit အဖွဲ့၏ အကြံပြုချက်များအပေါ် သက်ဆိုင်ရာဒေသကြီးကြပ်ရေးအဖွဲ့နှင့် လမ်းဦးစီးဌာနတို့က အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)