ာက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ာက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ


MNP  -   ဇန်နဝါရီ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) (၂၈)ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် မိုင်းဆတ်မြို့ ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူစာပေနှင့် ယဉ်ကျေးမှုကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (၂၈)ကြိမ်မြောက် မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နှစ်သစ်ကူး အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေး မှုအဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး သဘာပတိအဖွဲ့ဝင် လားဟူ  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နာယက သိက္ခာတော်ရဆရာတော် ဦးကျရှောက နှစ်သစ်ကူး ကြိုဆိုအဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၅၇ ဦးအား တာဝန်ရှိသူတစ်ဦးက   ဂုဏ်ပြုဆုများပေးအပ်ရာ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက လက်ခံရယူပြီး လားဟူရိုးရာ လက်ဆေးမင်္ဂလာခံယူခြင်း ဆက်လက်ကျင်းပသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လားဟူ၊ ရှမ်း၊ ဝ၊ အာခါ၊ လီဆူး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး လားဟူတိုင်းရင်းသား ယဉ်ကျေးမှုပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)