MNP - ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းနှင့် ပန်းဥယျာဉ်ဝယ် ဆိုကြကကြမယ် သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ပညာရပ်နယ်ပယ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးကြပြီး ဖျော်ဖြေရေး အစီအစဉ်ဖြင့် ဆက်လက် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment