ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားပြုလုပ်




MNP  -  ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ်၂၀ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့တွင် ကျင်းပပြုလုပ်သည်။


အဆိုပါ အလံတင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြန်မာ နိုင်ငံ ဂုဏ်ပြုရဲတပ်ဖွဲ့ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ကျော် သူဝင်း  နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်း အောင်၊ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ် နှင့် အဖွဲ့ဝင်များ ၊  ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ များ နှင့် တာဝန်ရှိသူများက တက် ရောက် အလေး ပြုခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)