MNP - ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ အမှတ်(၁၅၉)ရှိ သီပေါမင်း၏ အနွယ်တော်များနေထိုင်သည့် နေအိမ်သို့ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးတို့ ဦးဆောင်၍ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဌာနမှူးများပါဝင်သော အဖွဲ့များ ယနေ့နံနက် ၇ နာရီက လာရောက်ခဲ့ကြပါသည်။
ထို့နောက်ဥက္ကဋ္ဌ(မြို့တော်ဝန်)နှင့် ဝန်ကြီးများသည် သီပေါမင်း၏ မြစ်တော်များဖြစ်သည့် ဦးပီကျော်ခင်၊ ဒေါ်ဒေဝီသန့်စင်၊ ဒေါ်ခင်စန်းတင့် (ဦးတော်ဘုရားမြတ်အေး၏ဇနီး) တို့နှင့်တွေ့ဆုံ၍ ၎င်းတို့နေထိုင်သည့် နေအိမ်အားရှေးမူမပျက် ပြန်လည်ပြင်ဆင်နိူင်မည့် ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးပြောကြားခဲ့ကြပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်
https://t.me/MyanmarNationalPost
No comments:
Post a Comment