ရမ်းဗြဲမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိကျ မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိကျ မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိ





MNP -  ဇန်နဝါရီ  ၉

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၃  ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန်လျာတားသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ရပ်ကွက်/ ကျေးရွာအုပ်စုများတွင်  အိမ်ထောင်စုရှိလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိကျမှန်ကန်မှုစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။


    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှစီစဉ်တာဝန်ပေးမှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များကို အိမ်ထောင်စုလူဦးရေစာရင်းများကောက်ယူရာတွင် တိကျမှန်မှုရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။


    အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်များ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကိုစတင်ဆောင်ရွက်လျက်ရှိရာ ရမ်းဗြဲမြို့၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်နေပြည်သူများအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တွင်ပါဝင်‌ေသာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန    ၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏စာရင်းကောက်ယူရာတွင်ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်အောင်တင်ကြည်မှ  ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး   မြေပြင်စာရင်းကောက်ယူရေးအဖွဲ့တို့မှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူခြင်းကိုစတင်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးခင်မေင်သန်းမှ စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)