ဒလမြို့နယ်တွင် ရေနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးစီမံကိန်းလုပ်ငန်းလွှဲ ပြောင်းပေးအပ်ခြင်းနှင့် သင်တန်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်တွင် ရေနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးစီမံကိန်းလုပ်ငန်းလွှဲ ပြောင်းပေးအပ်ခြင်းနှင့် သင်တန်းအခမ်းအနားကျင်းပ



MNP  -  ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေကြီး၊ တွံတေးခရိုင်၊ ဒလမြို့တွင် ရေနှင့်တစ်ကိုယ်ရေ သန့်ရှင်းရေးစီမံကိန်း လုပ်ငန်းလွှဲပြောင်းပေးအပ်ခြင်းနှင့်သင်တန်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFRD Myanmar Office) မှလှူဒါန်းသော ရေနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးစီမံချက်(Panda Water Project)အား လုပ်ငန်းလွှဲပြောင်းခြင်းနှင့် သင်တန်းအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တရုတ်နိုင်ငံကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး (CFRD Myanmar Office)မှ စီမံကိန်းအရာရှိ ဦးဖြိုးမြင့်ဦးက ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းများအားရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေးက ကျောင်းသား၊ ကျောင်းသူများ၏ ရေနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး အတွက်လှူဒါန်းပေးသော  (CFRD Myanmar Office)အား ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။


ထို့နောက် အမှတ်(၁၇)အခြေခံပညာမူလန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာမူလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း (၁၀၇၆)ဦးအတွက် ရေနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး စီမံချက်(Panda Water Project) အား A Drop of Life အလှူရှင်မှ စုစုပေါင်း ကျပ်ငွေ (၃၀,၉၈၉,၁၈၉) လှူဒါန်းငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော Drinking Water Boi-filtration System ရေသန့်စက်အား လှူဒါန်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ ပညာရေးစစ်ကြောင်းမှ တာဝန်ရှိသူများ၊ (CFRD Myanmar Office)မှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသား၊ကျောင်းသူများ၏ မိဘများတက်ရောက်ခဲ့ကြသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)