တွံတေးမြို့ပေါ်ရပ်ကွက်များ၌ အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့ပေါ်ရပ်ကွက်များ၌ အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာကျင်းပ


MNP  -  ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီမှစတင်ကာ ရပ်ကွက်များ၌ အသီးသီးကျင်းပလျက်ရှိကြောင်း သိရသည်။


ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကျား/မပြေးခုန်ပစ်ပြိုင်ပွဲများ၊ အပ်ချည်ထိုး၊ စကောရွက်၊ မုန့်ကိုက်၊ သံပုံးရိုက်၊ အုန်းသီးလု၊ အာလူးကောက်၊ ဌက်ပျောပင်ချောတိုင်တက်ပွဲ၊ ဘဲဖမ်းပြိုင်ပွဲပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အားကစားပြိုင်ပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များနှင့် ရပ်ကွက်နေပြည်သူများကအားပေးခဲ့ပြီး ပြိုင်ပွဲအသီးသီး၌ ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)