မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုစနစ်ဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုစနစ်ဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး


MNP  -  ဇန်နဝါရီ ၆

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းဘတ်/ မြန်မာကျပ်တိုက်ရိုက်ငွေပေးချေမှုအခြေအနေ၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ငွေလွှဲပို့မှုဆိုင်ရာများ၊ နိုင်ငံခြားသုံးငွေကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုစနစ်ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)