ဂွမြို့နယ်၌မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိ




MNP  -   ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက် ၆ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၃ အုပ်စုရှိကျေးရွာပေါင်း ၁၅၆ ရွာတို့၌မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များမှ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ  ၆၆/၆ ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် လူဦးရေစာရင်းများအား ကောက်ကွက်(၄၀)ဖြင့် ကောက်ယူလျက်ရှိသည်။


ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်းကွင်းဆင်းစာရင်းကောက်ယူနေမှုအခြေအနေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်း​ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)